top of page

I'm a title. Click here to edit me

မိသားစုကမ္ဘာ

တေးရေး-ငွေကြယ်ဖြူ ( စေတနာရှင်လူငယ်များ )   တေးဆို-ထက်နေကြည်၊ နေနေ

 အတူတူရှင်သန်ရာ ဒီလောကကြီးထဲမှာ ကမ္ဘာမြေကိုစိမ်းလန်းရေးသို့ လမ်းပြပို့ဆောင်ကြ။

 အာရုံချိန်ရွက်နုသစ်တို့ ဖူးပွင့်ဝေတဲ့အခါ ကြည်လင်စွာလန်းဆန်းရေးသို့

ယုယဖို့လိုတာ။ (ယုယကြစို့တိုကမ္ဘာ၊ ယုယကြစို့ ကလေးများ)

 ကျန်နေတဲ့လောကကြီးထဲ အရိပ်မဲ့နေတဲ့ကလေးများစွာ

 နာကျင်စွာ ခေါ်သံတွေကြားရ အိုအရှင်ရယ် သွေးသားမဟုတ်တော့

စွန်ပစ်ကာထားမလား။

စွန့်ပစ်ခဲ့ အတ္တမာနတရားတွေပါ
အရိပ်မဲ့တဲ့ ညိုးးနွမ်းသူငယ် ကလေးများစွာ
နေ့သစ်တို့ ဖေးမလက်တွဲလို့ကူပါ
ခိုင်မြဲစွာ လက်တွဲထား(ကမ္ဘာ သစ်ရဲ့ခြေလှမ်းများ)

CHO: ပျော်ရွင်စရာ မိသားစုကမ္ဘာ …….အတူတွဲလို့တည်ဆောက်ကြမှာ
တို့အားလုံးရှိသင့်ကြ ချစ်မေတ္တာကူညီပါအနာဂတ်တွက်ကမ္ဘာ (အနာဂတ်ရဲ့ရင်သွေးများစွာ)
နွေးထွေးစေပါ စိမ်းလန်းစေပါ……..တို့ရဲ့ကမ္ဘာ (ကလေးတို့ကမ္ဘာ)

မေတ္တာစမ်းရေ

တေးရေး-ငွေကြယ်ဖြူ ( စေတနာရှင်လူငယ်များ ) တေးဆို- Lလွန်းဝါ၊ Nကိုင်ရာ 


 သဘာဝတရားအလှတွေကြား ရနံ့သင်းပျံ့ဝေ ရောင်စုံခြယ်ပန်းများ
သာဓကာကျေးငှက် အပေါင်းတို့သီဆိုပျော်မြူးကြကမ္ဘာ

အေးချမ်းတဲ့အရိပ်အသွင်များ မိုးသာက်အလင်းစချိန်မှာ
 နေညိုချိန်ဆို သာယာနေ အလှများဆည်းဆာ
 (ရွှေအိုရောင်များ)
လူသားတို့ကမ္ဘာကြား စိတ်နှလုံး အလှတွေဝေဆာဖို့ရာ ကိုယ်စီအပြုံးပန်းများနဲ့ ဖော်ဆောင်ကြည်နူးမှုကမ္ဘာ
 အချင်းချင်းမို့ချစ်ကြစေသား ဖေးမကူလက်တွဲကာ အဆုံးတော့ အေးချမ်းစေ ချစ်ခြင်းမေတ္တာ

ဆောင်ယူပါအရင်းခံမေတ္တာတရား ကမ္ဘာသည် နူးညံ့ဖြူစင်လာ
 ဖော်ရွေစွာအပြုံးပန်းလေးတွေနဲ့ ပန်ဆင်ထားပါ

ချစ်ခြင်းရဲ့ အသွားအပြန်သဘောက ကာရန်တဲ့တံတိုင်းများအရာမထင်ပါ
ရွင်ပြုံးလို့ရေးဖွဲ့သီကြ ချိုသာတေးများ

တို့အားလုံးတူညီ ခရီးလမ်း အမုန်းစတွေထားခဲ့ပါ
တသွင်သွင်စီဆင်းစမ်းရေပမာ ဖြူစင်မေတ္တာ

bottom of page