top of page

I'm a title. Click here to edit me

မေတ္တာအလင်း

အလင်းတရားပါ အမှောင်တွေအလယ်ညရဲ့ ဖယောင်းငယ်မှာ အလင်းမဲ့စွာ
မမြင်နိုင်တဲ့အခါ .......
လူဘ၀မှာ ဆင်ခြင်တုံတရားနဲ့ အလင်းကူပါ နှလုံးသားမှာ
စေတနာမေတ္တာ.......)

V1: ကိုယ်စီပိုင်ဆိုင်တဲ့ အလင်းများမှောင်နေတဲ့ကမ္ဘာ လူတွေရဲ့ကြား
ထွန်းလင်းပို့ဆောင် လမ်းပြအပူများကင်းရာ...

V2: ကြင်နာစွာစီးဆင်းစေတနာမေတ္တာ ခိုလှုံရာ အရိပ်မဲ့နေဘ၀များအကြား
နွေးထွေးစီးဝင် အရိပ်စစ်ဖြစ်စေပါ....

CHO:အမှောင်ကမ္ဘာမှာ လောဘဒေါသမီးများ အဆိပ်ငွေ့များနဲ့လေ
ခိုလှုံစရာ အရိပ်မဲ့တဲ့ဘ၀နဲ့ မငြိမ်းချမ်းတဲ့အပူမီးတွေ
ရန်စောင်ကြ အသွင်များ အတ္တတွေရဲ့ အကြား
ငြိမ်းချမ်းစေပါ အလင်းတန်းမေတ္တာတရား

V3: တို့.....မမြင်လိုပါ တစ်နေရာရာကြေကွဲတဲ့အသံများ
လူသားတို့ မှီခိုရာ ဒီကမ္ဘာကြီးအထက်မှာ ....

V4: တွေးတောဆင်ခြင်ဥာဏ် ပိုင်ဆိုင်ထားတဲ့အသိဥာဏ်များ
လူသားတို့အတ္တက အနိုင်ယူမလား( အနိုင်ယူနေဆဲလား)

CHO:
မီး...........တောက်လောင်ဆဲမီးတွေ ......

ဥယျာဉ်မှူး

တေးရေး-ငွေကြယ်ဖြူ      တေးဆို-ဇော်ပိုင်၊ချောစုခင်

ပန်းခင်းလေးတစ်ခင်းပျိုးထားခဲ့တယ် အသက်ရှင်ချိန်လေးဝယ် စိတ်မှာရည်စူးတယ်
ဒီလောက ကမ္ဘာကိုအလှဖွဲ့ရှင်သန်စေဖို့အတွက်....

 

ဖူးပွင့်ကြတဲ့ပန်းကလေးများလည်း အလှတွေသိပ်ထူးတယ်

ဥယျာဉ်မှူးရယ် ဘ၀အမောပြေပျောက်စေဖို့ရန် ပေးစွမ်းတယ်.....

 

သီးပင်များလည်းပျိုးထားခဲ့တယ် အသက်ရှင်ချိန်လေးဝယ်

စိတ်မှာရည်စူးတယ် ဆာလောင်မွတ်သိပ်သူတွေ စားသောက်ပျော်ရွှင်နိုင်ဖို့ အတွက်...

 

နွေမိုးနှောင်းဆောင်းဦး သီးပွင့်ကြလို့ အမျိုးအမည်စုံလှတယ်

ဥယျာဉ်မှူးရယ် ခိုကိုးမဲ့တဲ့ဘ၀များကို အကျိုးပြုတယ်....

pre cho: လောကကြီး အမြဲလှနေဖို့ရယ်... ပေးဆပ်ကြစို့ တို့တစ်တွေလည်း...

CHO: ပန်းခင်းတွေနဲ့ ဒို့ကမ္ဘာကြီး စိမ်းစိုဖို့ရယ်
ပန်းကလေးတွေနဲ့ ဒိုကမ္ဘာကြီး အလှဆင်ကြမယ်

ပျိုးဥယျာဉ်ထဲ ပေါကြွယ်တဲ့ အသီးနှံများရယ်

ဆာလောင်မွတ်သိပ်သူ အတွက် စားစေဖို့ ပြုပြင်ကြမယ်

လူသားတိုင်းရင်ထဲ တို့ စွမ်းသမျှတွေနဲ့ အစဉ်အမြဲ ပြုံးပျော်စေမယ်.....။

bottom of page