top of page

I'm a Title. Click to edit me

I'm a paragraph. Click here to add your own text and edit me. It’s easy. Just click “Edit Text” or double click me and you can start adding your own content and make changes to the font. I’m a great place for you to let your users know a little more about you. If you want to delete me just click on me and press delete.

စည်းလုံးခြင်းသည် အင်အား

ရန်ကုန်အခြေစိုက်ပရဟိတကွန်ရက်နှင့်လက်တွဲခဲ့တာ နှစ်ကြိမ်မြောက်ဖြစ်သည်။ ပထမဆုံးအကြိမ်က အေးရွာလေးကျောင်းဆောင်ဆောက်လုပ်ရေးအတွက် မြန်မာပုံပြောသူအဖွဲ့မှ ကိုသန့်ဇင်ကောင်းမှုနဲ့တစ်ကြိမ်ပါဝင်နိုင်ခဲ့ပြီးတော့ အခုအကြိမ်ကတော့ ကချင်နဲ့ရခိုင် ပညာရေးရန်ပုံငွေပွဲဆိုပြီးတော့ ကိုသားငယ်တို့၊ ကိုသန့်စင်တို့ရဲ့ ဦးဆောင်မှုနဲ့ ကျွန်တော်တို့ ပူပေါင်းဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။ ရန်ကုန်အခြေစိုက်အနေနဲ့သူတို့လုပ်ခဲ့တာကတော့ ဟို ၂၀၁၁ခုနှစ် ပခုက္ကရေးဘေးသင့်တဲ့အချိန်ကတည်းကစတင်လုပ်ဆောင်ခဲ့ပြီးတော့ ကြားထဲမှာ ရခိုင်ပြည်နယ်တွင်းပဋိပက္ခဖြစ်နေတဲ့အချိန်မှာ ရန်ကုန်မြို့တွင်း လှည့်လည်ဂစ်တာတီးပြီးတော့ အလှူခံလို့ရတဲ့ငွေနဲ့ သူတို့ဆောင်ရွက်ခဲ့ကြတယ်။ အခုအကြိမ်ကတော့ ရန်ကုန်အခြေစိုက်အနေနဲ့ ၄ကြိမ်မြောက်ဖြစ်သလို့ စေတနာရှင်လူငယ်များအနေနဲ့လည်း ၄ကြိမ်မြောက်ခရီးကို အောင်မြင်အောင် စုစုစည်းစည်းနဲ့ စည်ကားသိုက်မြိုက်အောင်လုပ်နိုင်ခဲ့ကြပါတယ်။ ဒါဟာ ကျွန်တော်တို့ လူငယ်တွေရဲ့မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလိုမျိုးလုပ်နိုင်တာဟာ(စေတနာရှင်အဖွဲ့မှာရော၊ ရန်ကုန်အခြေစိုက်မှာရော)စုပေါင်းလုပ်ဆောင်ခြင်းရဲ့ အောင်မြင်မှုတစ်ခုပါဘဲ။ ကျွန်တော်တို့ ရှေ့ဆက်ပြီးလုပ်စရာတွေအများရှိပါသည်။ ကျွန်တော်တို့ တိုင်းပြည်တွင်း လိုအပ်နေတဲ့နေရာတွေများစွာရှိနေသည်။ ခင်းဗျားတစ်ယောက်တည်းလည်းမလုပ်နိုင်၊ ကျွန်တော်တစ်ယောက်တည်းလည်းမလုပ်နိုင်ပါဘူး။ ခင်ဗျားတစ်ဖွဲ့တည်းလည်းမလုပ်နိုင်ဘူး၊ ကျွန်တော်တို့တစ်ဖွဲ့တည်းလည်းမလုပ်နိုင်ဘူး။ ဒါဆိုရှင်းနေတာပဲ ကျွန်တော်တို့ ကိုယ်လုပ်နိုင်တာကို ကိုယ်တာဝန်ယူပြီးလုပ်ကြမယ်၊ ကိုယ်တစ်ယောက်တည်းမလုပ်နိုင်တာကို ကျွန်တော်တို့ အတူပေါင်းံပြီးတော့လုပ်ကြမယ်။ တော်ဝင်စင်တာမှာ အဖွဲ့တွေ၊အဖွဲ့တွေက ကိုယ့်တာဝန်ကို အသီးသီးတာဝန်ယူပြီးတော့ လုပ်ခဲ့ကြတာတွေကိုကြည့်ပြီးတော့ အရမ်းကို အားတက်မိတာရှိပါတယ်။ အများစုက လူငယ်၊လူကြီးအမျိုးသမီးတွေ(မိန်းကလေး)တွေပါ။ လူငယ်ယောကျာင်္းလေးတွေလည်း အတော်များများ ပါတယ်။ (လိင်ခွဲပြီးတော့ပြောတာမဟုတ်ပါဘူး)။ ကျွန်တော်တို့မှာ အင်အားတွေရှိပါတယ်။ အားအင်တွေလည်းရှိပါတယ်။ ရန်ကုန်အခြေစိုက်ပရဟိတလူငယ်တွေကနေပြီးတော့၊ မြန်မာပြည်တွင်းက မြို့အသီးသီးက လူငယ်အဖွဲ့တွေအားလုံးပေါင်းပြီးတော့လုပ်နိုင်ကြပြီဆိုရင်တော့ ကျွန်ုတို့နိုင်ငံရဲ့ ခရောင်းလမ်းတွေကိုလည်းပြင်နိုင်မယ်၊ ပေါင်းမြက်တွေကိုလည်းရှင်းနိုင်မယ်၊ အစုသေးသေးလေးဟာ လှိုင်းကြက်ခွပ်လေးတစ်ခုဖြစ်ပါတယ်။ အားလုံးပါဝင်နိုင်တဲ့ အစုအဖွဲ့အကြီးကြီးဟာ သမုဒ္ဓရာရဲ့ လှိုင်းအကြီးကြီးတွေဖြစ်ပါတယ်၊ လှိုင်းကြီးပြီဆိုရင်တော့ အခက်အခဲတွေကို တဒင်္ဂချေမုန်းပစ်နိုင်တဲ့ အင်အားတွေ၊အားအင်တွေဖြစ်လာမှာအသေချာပါဘဲ။ ကျွန်တော်တို ပေါင်းစည်းကြပါစို၊ လက်တွဲကြပါစို့၊ ညီညွတ်ကြပါစို့ ..........စည်းလုံးခြင်းသည်အင်အားတစ်ခုပါ။

bottom of page